25.6.18 to 30.6.18 [Reader's Choice of the Week]


မင်္ဂလာညချမ်းလေးပါ ဝန်ဇင်းပရိသတ်တို့ရေ …

Wun Zinn Digest ကနေ ခုတင်ဆက်သွားမယ့် အကြောင်းအရာလေးကတော့ ယခုတစ်ပတ်အတွင်း ကျွန်တော်တို့ ဝန်ဇင်း Digest မှာ နေ့စဉ် တင်ဆက်ထားခဲ့တဲ့ အစီအစဉ်များထဲမှ လူကြိုက်အများဆုံး ပေါ်ပြူလာအဖြစ်ဆုံး ကဏ္ဍများကို ပြန်လည်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ 

ယခုတစ်ပတ်အတွင်းမှာ လူကြည့်အများဆုံး ကဏ္ဍလေးတွေကတော့ …….

အပတ်စဉ် အင်္ဂါနေ့တိုင်း တင်ဆက်ပေးနေကြဖြစ်တဲ့ “Entertainment” ကဏ္ဍမှ ဖော်ပြပေးခဲ့သော ‘အလန်းဆုံး အမျိုးသမီး DJ ပညာရှင် ( ၅ ) ဦး’ … ။ 

ဆက်လက်ပြီး ဗုဒ္ဓဟူးနေ့ ညနေ ( ၃ ) နာရီတိုင်း စိတ်ခွန်အားဖြစ်ဖွယ် စာစု / အကြောင်းအရာများကို ဖော်ပြလေ့ရှိသော ‘Motivational’ ကဏ္ဍမှ တင်ဆက်ခဲ့တဲ့ “ရုပ်ရှင်မင်းသားကြီး တွမ်ခရုပြောတဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်း” အကြောင်း … ။  

အဲ့ဒီနေ့ ည ( ၉ ) နာရီအချိန်မှာပဲ Wun Zinn Digest ရဲ့ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍမှ ဖော်ပြခဲ့သော သိပ်ကို စိတ်ဝင်စားဖွယ်ကောင်းသည့် အကြောင်းအရာ “သိပ္ပံပညာရှင်များက ခေါင်းညိတ်လိုက်ပြီဖြစ်တဲ့ ကိုယ်ရောင်ကိုယ်ဝါအကြောင်း” … 

နောက်တစ်ရက် သောကြာနေ့ ညနေ ( ၃ ) နာရီအချိန်မှာ “ရုပ်ရှင်အညွှန်း” ကဏ္ဍမှ ညွှန်းဆိုခဲ့သော မကြာသေးခင်ကမှ ရုံတင်ပြသခဲ့သည့် “The Quiet Place” ဇာတ်လမ်း … စတဲ့ ကဏ္ဍတွေပဲ ဖြစ်ပါတယ်ခင်ဗျ။ 

ဝင်ရောက်ကြည့်ရှုသူများတဲ့ ဒီလိုပေါ်ပြူလာကဏ္ဍတွေကို ဝန်ဇင်းစာချစ်သူထဲက မဖတ်ရသေးသူများ ရှိတယ်ဆိုရင်လည်း ဒီပို့စ်အောက်မှာပါတဲ့ Related post နှင့် Related Video များကို နှိပ်ပြီး ဝင်ရောက်လေ့လာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

နောက်ရက်သတ္တပတ်တွေမှာလည်း ဘယ်ကဏ္ဍလေးက ပရိသတ်စိတ်ဝင်စားမှုအများဆုံးဖြစ်မလဲ ဆိုတာ အပတ်စဉ်တိုင်း ၊ စနေနေ့ည (၁၀) နာရီ မှာ တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်။

ဝန်ဇင်းစာချစ်သူများ စိတ်အေးချမ်းသာစွာ အိပ်စက်အနားယူရင်း အိပ်မက်လှလှ မက်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ 
………….
"ဒီပို့စ်လေးကို သဘောကျနှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်"
"အကြံပြုပြောကြားလိုသည်များရှိပါက ပို့စ်ရဲ့ Comment Box မှာ ရေးသားမျှဝေခဲ့ပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေ"
...
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts