“အာရှနိုင်ငံများကို လည်ပတ်တဲ့အခါ တည်းဖို့ အကောင်းဆုံး ဟိုတယ်များ” [ Travel Article ]


“အာရှနိုင်ငံများကို လည်ပတ်တဲ့အခါ တည်းဖို့ အကောင်းဆုံး ဟိုတယ်များ”

မင်္ဂလာပါ ဝန်ဇင်းပရိသတ်ကြီးခင်ဗျာ … 

ဝန်ဇင်းခရီးသွားချစ်သူများအနေနဲ့ ယခုတလော မိုးရာသီအတွင်း မိမိရဲ့ အိမ်နီးချင်းနိုင်ငံတွေကို ခရီးထွက်ဖို့များ စီစဉ်ထားကြသလားဗျ။ ဟန်းနီးမွန်းခရီးပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ချစ်ရသူနဲ့ဖြစ်ဖြစ် … အာရှတွင်းနိုင်ငံတွေကို အလည်အပတ် ထွက်ဖို့ရှိတယ်ဆိုရင် ဘယ်မှာတည်းရင်ကောင်းမလဲ စဉ်းစားရခက် အတွေးကျပ်မနေပါနဲ့။ ယနေ့အတွက် ကျွန်တော်တို့ Wun Zinn Digest ရဲ့ “ခရီးသွားကဏ္ဍ” မှ ဖော်ပြပေးသွားမယ့် စာရင်းလေးက အကူအညီပေးပါလိမ့်မယ်။ အဲ့ဒါကတော့ အာရှနိုင်ငံတွင်း ခရီးထွက်မယ့်သူများအတွက် တည်းဖို့သင့်တဲ့ အကောင်းဆုံး ဟိုတယ်များပဲ ဖြစ်ပါတယ်။ ဒီစာရင်းထဲမှာ ခရီးသွားအများဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ မလေးရှား၊ စင်္ကာပူနိုင်ငံ၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့မှာရှိတဲ့ အကောင်းဆုံး ဟိုတယ်တွေကို ဓာတ်ပုံနှင့် တကွ တင်ဆက်လိုက်ပါတယ်။ ကဲ … ကြည့်လိုက်ရအောင်လားခင်ဗျာ။ 

“အာရှနိုင်ငံများကို လည်ပတ်တဲ့အခါ တည်းဖို့ အကောင်းဆုံးဟိုတယ်များ”

၁။ အိန္ဒိယနိုင်ငံ - ဒီနိုင်ငံကို ခရီးထွက်မယ်ဆိုရင် တည်းဖို့ အသင့်လျောဆုံး ဟိုတယ်ကတော့ “Taj Falaknuma Palace” ပဲ ဖြစ်ပြီး ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်ခုလုံးရဲ့ နည်းပညာအဖွံ့ဖြိုးဆုံးနေရာဖြစ်ပြီး ခေတ်မီရှော့ပင်းမောလ်တွေ၊ အဆင့်မြင့် စားသောက်ဆိုင်တွေ တည်ရှိတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်း တီလန်ဂနာပြည်နယ်ရဲ့ “ဟိုက်ဒရာဘတ်မြို့တော်” မှာ ဟိုတယ်တည်ရှိတာဖြစ်ပါတယ်။ 

၂။ မလေးရှားနိုင်ငံ - ဒီနိုင်ငံအတွက် အကောင်းဆုံး တည်းခိုသင့်တဲ့ ဟိုတယ်ကတော့ “Four Seasons Resort Langkawi” ပဲ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံ အနောက်တောင်ပိုင်းမှာရှိပြီး မလေးရှားရဲ့ အထွတ်အမြတ်ရတနာလို့ သတ်မှတ်ကြတဲ့ “လန်ကာဝီကျွန်းစု” မှာ တည်ရှိတာပဲ ဖြစ်ပါတယ်။ 

၃။ စင်္ကာပူနိုင်ငံ - စလုံးရဲ့ နာမည်အကြီးဆုံးဟိုတယ်ကတော့ “Raffles Hotel” ပဲဖြစ်ပါတယ်။ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ပဲဖြစ်ပြီး ခန့်ညားထယ်ဝါမှုကတော့ နန်းတော်တမျှပါပဲ။ 

၎။ ဗီယက်နမ်နိုင်ငံ - ဗီယက်နမ်ရဲ့ စီရင်စုအပိုင်ဖြစ်တဲ့ Khánh Hòa မှာတည်ရှိတဲ့ “Six Sense Ninh Van Bay” ကတော့ ဗီယက်နမ်ရောက်သူတိုင်း သွားရောက်ခဲ့သင့်တဲ့ ကမ်းခြေဟိုတယ်ပဲဖြစ်ပါတယ်။ 

၅။ ထိုင်းနိုင်ငံ - နေ့ချင်းပြန်သွားရောက်နိုင်ပြီး မြန်မာနဲ့အနီးဆုံးအိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဘန်ကောက်ကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ “Banyan Tree” ဟိုတယ်ပဲဖြစ်ပါတယ်။ 
………….
အခုဖော်ပြခဲ့တဲ့ဟိုတယ်တွေကတော့ ကမ္ဘာလှည့်ခရီးသွားတွေအများဆုံးညွှန်းဆိုကြတဲ့ ( Readers Travel Award 2017 ) ဆုရ ဟိုတယ်စာရင်းထဲမှာ ( ၅ ) ခုကို ထုတ်နုတ်ဖော်ပြလိုက်တာပဲဖြစ်ပါတယ်။ 

Ref; cntraveller.com

“ဒီပို့စ်လေးကို ဖတ်ရှုရ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့သိလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts