“ကမ္ဘာလှည့်ခရီးသည်အများဆုံးလာရောက်တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ( ၁၀ ) နေရာ” [Travel Article]


“ကမ္ဘာလှည့်ခရီးသည်အများဆုံးလာရောက်တဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း ( ၁၀ ) နေရာ”

၁။ Mergui Archipelago - Mergui Archipelago လို့ခေါ်တဲ့ မြိတ်ကျွန်းစုလေးကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေ အများဆုံးသွားရောက်တဲ့ နေရာတွေထဲက ထိပ်တန်းတစ်နေရာပဲ ဖြစ်ပါတယ်။ ဒီနေရာလေးကို ခရီးသွားတွေက “The Last Paradise” လို့တောင် နာမည်ပေးထားကြလေရဲ့။ ပြီးခဲ့တဲ့ ၂၀၁၆ - ၂၀၁၇ ခုနှစ်မှာ ဘန်ကောက်မှတစ်ဆင့် နယ်စပ်ဂိတ်များမှာ လာရောက်တဲ့ ခရီးသွားဧည့်သည်ပေါင်း လေးသိန်းရှစ်သောင်းအထိ လာရောက်ခဲ့ပါတဲ့ မြန်မာနိုင်ငံရဲ့ အလှပဆုံး ကျွန်းစုတစ်ခုလည်း ဖြစ်ပါတယ်။ 

၂။ Bagan – ‘လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း’ ဆိုတဲ့ အလင်္ကာလေးနဲ့ ‘မြန်မာမှန်လျှင် ပုဂံရောက်ဖူးရမယ်’ ဆိုတဲ့ စကားအတိုင်း မြန်မာနိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ ဘုရားပုထိုး၊စေတီတွေက မရေမတွက်နိုင်အောင် များပြားသလို မြန်မာကို ကမ္ဘာကသိစေတဲ့ ပုဂံနယ်မြေကတော့ ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံးလာရောက်ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ခုနကလိုပဲ၊ ၂၀၁၆ - ၂၀၁၇ ကို ပြန်ကြည့်မယ်ဆိုရင် ပုဂံကိုလာရောက်တဲ့ ခရီးသွားပေါင်း သုံးသိန်းတစ်သောင်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ 

ဒီတော့ …. မြန်မာနိုင်ငံမှာရှိတဲ့ ကမ္ဘာလှည့်ခရီးသည်တွေ လာရောက်မှုအများဆုံးနေရာတွေကို အစဉ်လိုက်ဖော်ပြရရင် 

၃။ အင်းလေးကန်
၎။ မန္တလေး
၅။ ရန်ကုန် 
၆။ ကော့သောင်း
၇။ ကျိုက်ထီးရိုး
၈။ မြိတ်မြို့
၉။ မုံရွာမြို့
၁၀။ ပင်းတယမြို့

Ref;myanmartravel.cc
…….

“ဒီပို့စ်လေးကို ဖတ်ရှုရလို့ ဗဟုသုတရစေတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကိုအားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “စာချစ်သူတို့ ပြောလိုသည်များကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့နိုင်ပါတယ်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 




Related Posts