ထူးဆန်းစွာ ပျောက်ဆုံးနေသော ကမ္ဘာ့ဆွဲအား အပိုင်း ( ၂ ) [လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ]


[ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ ]

ထူးဆန်းစွာ ပျောက်ဆုံးနေသော ကမ္ဘာ့ဆွဲအား 
အပိုင်း ( ၂ ) 

မင်္ဂလာညချမ်းပါ ဝန်ဇင်းစာချစ်သူများခင်ဗျာ … 

ဒီနေ့ညမှာတော့ ကျွန်တော်တို့ Wun Zinn Digest ရဲ့ “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” ကဏ္ဍမှ တင်ဆက်ဖော်ပြပေးသွားမယ့် အကြောင်းအရာကတော့ ‘ထူးဆန်းစွာပျောက်ဆုံးနေသောကမ္ဘာ့ဆွဲအား’ ပဲ ဖြစ်ပါတယ်။ မနေ့ညက အပိုင်း ( ၁ ) ကို တင်ဆက်ခဲ့ပြီးဖြစ်လို့ ဒီနေ့ညမှာတော့ ကျန်တဲ့အပိုင်း ( ၂ ) ကို ဆက်လက်ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။ 

၂။ St. Ignace mystery spot, Michigan 

မီချီဂန်မှာရှိတဲ့ ဒီနေရာကိုတော့ လူတစ်စုက သွားရင်းလာရင်း မတော်တဆ သတိထားမိခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီနေရာရောက်သွားတဲ့အခါ လျှပ်စစ်ပစ္စည်းအချို့က ဆက်အလုပ်မလုပ်တော့တဲ့အဖြစ်မျိုးတွေ ကြုံရတာကြောင့် ဒီနေရာကို ၁၉၅၀ ခုနှစ်ဝန်းကျင်မှာ အသေအချာ လေ့လာမှုတွေ ပြုလုပ်ခဲ့ကြတယ်။ စတုန်းရန်းပေ ၃၀၀ ပတ်လည် အကျယ်အဝန်းရှိတဲ့ ဒီနေရာကို တိရစ္ဆာန်တွေတောင် ရှောင်ကွင်းသွားကြတဲ့အဖြစ်ကို အံ့သြဖို့ကောင်းလောက်အောင် ထူးဆန်းစွာတွေ့ရှိရတယ်။ ဒီနေရာရဲ့ ထူးဆန်းတဲ့ဖြစ်စဉ်တွေဟာ ကမ္ဘာမြေဆွဲအားကင်းမဲ့နေမှုကြောင့်လို့ ကောက်ချက်ချပြောဆိုကြတဲ့ အဓိကအချက်ကတော့ နံရံပေါ်မှာ မတ်တပ်ရပ်လို့ရတာ၊ လေပေါ်ကိုနှစ်ထွာလောက်ရောက်နေတဲ့ ကုလားထိုင်ပေါ် ကို့ရို့ကားယားနဲ့ တက်ထိုင်ပေမယ့် ပြုတ်ကျသွားခြင်းမရှိတာ စတာတွေအပြင် အဲ့ဒီနေရာလေးမှာ နာရီအနည်းငယ် နေတာကြာသွားတာနဲ့ နှလုံးခုန်နှုန်းနှေးလာတာ စတဲ့ ထူးဆန်းဖြစ်စဉ်တွေကြောင့်ပါပဲ။
 
၃။ Cosmos Mystery Area, Rapid City 

ဒီနေရာကိုရောက်သွားတဲ့အခါမှာတော့ အချို့သစ်ပင်တွေက ကွေးနေတာကို မြင်တွေ့ရမှာပါ။ အထက်မှာတင်ပြခဲ့တဲ့ Mystery Spot နေရာမျိုးတွေလိုပဲ ကိုယ်ကို အရှေ့ကို စောင်းချလိုက်ပေမဲ့ ကြမ်းပြင်ပေါ် ပြုတ်ကျမသွားဘဲရှိနေတာ၊ ပြီးတော့ ဘောလုံးကို လှိမ့်လိုက်ရင် အောက်ကိုမလိမ့်သွားဘဲ အပေါ်ကို ပြန်တက်လာတာ .. စတဲ့ ထူးဆန်းဖြစ်စဉ်တွေ ဖြစ်ပေါ်နေတာပါ။ 

၎။ Spook Hill, Florida 

ဖလော်ရိုက်ဒါပြည်နယ်မှာရှိတဲ့ ဒီကုန်းမြင့်လေးကတော့ မျက်မြင်ကိုယ်တွေ့ ထူးဆန်းအံ့ဖွယ်တွေကို ကြုံရမယ့်နေရာပါပဲ။ အဲ့ဒီနားမှာ ကားကိုရပ်ထားမယ်ဆိုရင် ကားဘီးအလိုလိုလိမ့်သွားပြီး ကုန်းမြင့်လေးပေါ်ကို သူ့အလိုလို ရောက်ရောက်သွားတာပါ။ မသိရင် တစ္ဆေခြောက်တယ်လို့ ထင်စရာပါပဲ။ မောင်းသူမရှိဘဲ လိမ့်သွားတဲ့ကားက အနိမ့်ပိုင်းမဟုတ်ဘဲ မြင့်တဲ့နေရာဖြစ်နေတော့ …… ။ 

၅။ Magnetic Hill, Leh 

ကမ္ဘာ့ဆွဲအားနဲ့ပတ်သက်ပြီး နောက်ထပ် နာမည်ကြီးတဲ့နေရာတစ်ခုကတော့ ၃၀ ကီလိုမီတာရှည်တဲ့ လမ်းမတလျှောက်မှာ ဖြစ်နေတာပါ။ ဟိုင်းဝေးလမ်းကြီးရဲ့ ဒီလမ်းပိုင်းလေးဟာ တဖြည်းဖြည်းအမြင့်ကို တက်သွားတဲ့နေရာလေးပဲ ဖြစ်ပါတယ်။ သင့်ရဲ့ကားကို စက်ရပ်ထားမယ်ဆိုရင်တောင် အဲ့ဒီကားက အမြင့်ပိုင်းလမ်းကို ဖြည်းဖြည်းချင်းလိမ့်သွားတာကနေ တစ်နာရီကို ၂၀ ကီလိုမီတာနှုန်းနဲ့ သွားတဲ့အထိ အရှိန်မြင့်လာတတ်ပါသတဲ့။ အဲ့ဒီနေရာတစ်ဝိုက်မှာဖြစ်ပေါ်နေတဲ့ ထူးဆန်းတဲ့ သံလိုက်စက်ကွင်းကြောင့် ဒီလိုဖြစ်ရတာလို့ ဆိုကြပါတယ်။ ဒီနေရာအပေါ်က ဖြတ်သွားတဲ့လေယာဉ်မှာတောင် သံလိုက်စက်ကွင်းသတိပေးချက်တွေ ပေါ်လာလေ့ရှိတယ်လို့ သိရပါတယ်။ 

ကဲ … နယူတန်ရဲ့ ပန်းသီးက အောက်မကျဘဲ အပေါ်ပြန်တက်သွားမလား၊ တစ်ဝက်တစ်ပျက်နဲ့ လေထဲမှာ တန့်နေမလားဆိုတာတော့ စာချစ်သူတို့လည်း ဒီလို ကမ္ဘာ့ဆွဲအားမရှိဘူးလို့ နာမည်ကြီးတဲ့နေရာတွေကို ကြုံရင် သွားရောက်လေ့လာခဲ့ပါဦးဗျ။ ဒါမှမဟုတ်လည်း Utube မှာ video တွေ ရှိတာမို့ ဝန်ဇင်းပရိသတ်ကြီး လေ့လာနိုင်ဖို့ ဒီပို့စ်လေးကို မျှဝေလိုက်ရပါတယ်။ 

Ref; jagranjosh.com
………….
ဝန်ဇင်းစာချစ်သူများအတွက်  “လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်များ” အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့ ည ( ၉ ) နာရီအချိန်တိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျ။ 

“ဝန်ဇင်းစာချစ်သူတို့လည်း ကမ္ဘာ့ဆွဲအားနဲ့ပတ်သက်ပြီး စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share လုပ်ရင်း ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” 

ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။ 

Related Posts