“မိုးရာသီမှာခရီးထွက်သင့်တဲ့အကြောင်း ( ၁၀ ) ချက်” [Travel Article]
“မိုးရာသီမှာခရီးထွက်သင့်တဲ့အကြောင်း ( ၁၀ ) ချက်”
ဝန်ဇင်းပရိသတ်ကြီး မင်္ဂလာပါခင်ဗျာ …
ဒီနေ့မှာ ဝန်ဇင်းပရိသတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ “မိုးရာသီမှာ ခရီးထွက်သင့်တဲ့အကြောင်း ( ၁၀ ) ချက်” ပဲ ဖြစ်ပါတယ်ခင်ဗျ။ ဒီအချက်လေးတွေကို ဖတ်ရှုပြီး ဝန်ဇင်းစာချစ်သူတို့လည်း မိုးရာသီမှာ ခရီးထွက်ဖို့ ပြင်ဆင်လိုက်ရအောင်လားခင်ဗျာ။
၁။ ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတွေကို ခရီးထွက်ဖို့ ရွေးချယ်မှုအများဆုံးကာလကတော့ မိုးရာသီပဲ ဖြစ်ပါသတဲ့။
၂။ မိုးရာသီမှာ ခရီးထွက်ခြင်းဟာ သင့်အတွက် နေ့အချိန်ပိုရပါသတဲ့။
၃။ ဒါ့အပြင် မိုးရာသီမှာ ခရီးထွက်တဲ့အခါ စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်ကို မြင်ရတဲ့အတွက် သင့်ရဲ့စိတ်ကို အမြဲလန်းဆန်းစေမှာပါတဲ့။
၎။ ခရီးသွားတဲ့အခါ ကိုယ်ရောက်ရှိတဲ့ နေရာဒေဟာ ခြောက်သွေ့တဲ့ပတ်ဝန်းကျင်ဖြစ်နေရင်တောင်မှ မိုးရာသီဖြစ်တဲ့အတွက် ဖုန်ထမှာမဟုတ်လို့ သွားရပြုရ လွယ်ကူသာယာပါသတဲ့။
၅။ သစ်ရွက်စိမ်းစိမ်းနုနု၊ မိုးရွာပြီးခါကစ ထွက်ပေါ်လာတဲ့ မြေသင်းရနံ့သင်းသင်းလေးနဲ့ ကြည်လင်တောက်ပတဲ့ ကောင်းကင်ပြာကြီးတို့ကို ကဗျာဆန်ဆန် မြင်တွေ့နိုင်တာ မိုးရာသီတစ်ခုပဲ ရှိပါသတဲ့။
၆။ မိုးရာသီမှာ နားခိုရာဟိုတယ်တွေက အပြိုင်ဈေးလျှော့ ပရိုမိုးရှင်းဆင်းကြလို့ အခြားရာသီတွေမှာ ခရီးထွက်တာထက် မိုးတွင်းမှာ ခရီးထွက်တာဟာ သင့်အတွက် တည်းခိုခကုန်ကျစရိတ်ကို သက်သာစေနိုင်ပါသတဲ့။
၇။ ဒီ့အပြင် ခရီးသွားဝန်ဆောင်မှုကုမ္ပဏီတွေကလည်း မိုးတွင်းမှာဆိုရင် ခရီးသွားတွေအတွက် အထူးပရိုမိုးရှင်းပေးလေ့ရှိကြလို့ သင့်အတွက် မိုးရာသီမှာ ခရီးထွက်ဖို့ အခွင့်အရေးကောင်းတစ်ခုပဲ ဖြစ်ပါတယ်သတဲ့။
၈။ သင်ဟာ ဓာတ်ပုံရိုက်ရတာ နှစ်သက်တယ်ဆိုရင် မိုးရာသီမှာ ခရီးထွက်တာ အကောင်းဆုံးပါတဲ့။ ဘာလို့လဲဆိုတော့ ဒီရာသီမှာ စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်ကို မိုးစက်လေးတွေနဲ့ နေရောင်ခြည်ပေါင်းစပ်ပြီး ထွက်လာတဲ့ တည်ငြိမ်လှပတဲ့ အလင်းဟာ သင့်အတွက် ဓာတ်ပုံကောင်းတွေ ရရှိစေမှာမို့ပါတဲ့။
၉။ မိုးရာသီမှာ လူအများစုက လမ်းပေါ်မှာ မရှိကြ၊ အပြင်သိပ်မထွက်ကြဘဲ အိမ်တွင်းအောင်းလေ့ရှိကြတာမို့ သင့်အတွက် စိတ်ညစ်ညူးစရာ လူသူရှုပ်ထွေးမှုတွေကို မြင်ရမှာမဟုတ်ဘဲ ပတ်ဝန်းကျင်ရှုခင်းကို အပြည့်အဝခံစားနိုင်မှာပါတဲ့။
၁၀။ နောက်ဆုံးတစ်ချက်ကတော့ မိုးရာသီမှာ ခရီးထွက်တာဟာ အခြားရာသီတွေမှာ ခရီးထွက်တာထက် သင့်ကို လက်တွဲဖော်ကောင်း ရှာတွေ့စေနိုင်ပါသတဲ့။ ဘာလို့လဲဆိုတာကတော့ … ဝန်ဇင်းပရိသတ်ကြီးထဲက Single တွေ၊ FA တွေ ဒီလို မိုးတွင်းကာလမှာ ခရီးထွက်ကြည့်ရင် သိမှာပေါ့ခင်ဗျာ ….. ။
…….
“ခုလို စာအရှည်ကြီးမဖတ်ရဘဲ လိုတိုရှင်းပို့စ်လေးတွေကို နှစ်သက်သဘောကျတယ်ဆိုရင် ဒီပို့စ်ကို Like နဲ့ Share ပေးခဲ့ဖို့မမေ့နဲ့ဦးနော်” “မိုးရာသီမှာ ဝန်ဇင်းပရိသတ်ကြီး ခရီးထွက်ချင်တဲ့နေရာတွေကို ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့ပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်”
…….
ဝန်ဇင်းစာချစ်သူများကို မေတ္တာများစွာဖြင့် ချစ်ခင်လျက် …. ။