ကစားပွဲဟောကိန်း အပိုင်း(၁) [ မြန်မာဘာသာပြန် ဂျပန်အခန်းဆက်ကာတွန်းရှည် ]


မြန်မာဘာသာပြန် ဂျပန်အခန်းဆက်ကာတွန်းရှည်
ဖုခုမိုတို နော်ဘုယုခိ - ကစားပွဲဟောကိန်း အပိုင်း(၁) 

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ … 

ဝန်ဇင်းစာချစ်သူပရိသတ်ကြီး ဖတ်ရှုခံစားနိုင်ဖို့ ဂျပန်ကာတွန်းရုပ်ပြဇာတ်လမ်းများကို ကျွန်တော်တို့ဝန်ဇင်းမှ အပတ်စဉ် စီစဉ်တင်ဆက်ပေးလျက် ရှိပါတယ်ခင်ဗျ။ ဒီနေ့မှာဆိုရင်လည်း ဂျပန်ရုပ်ပြကာတွန်းလောကမှာ နာမည်ကြီး ကာတွန်းဆရာ ဖုခုမိုတို နော်ဘုယုခိ ( Nobuyuki Fukumoto ) ရဲ့ လက်ရာကောင်းတစ်ခုဖြစ်တဲ့ “ကစားပွဲဟောကိန်း” အပိုင်း ( ၁ ) ကို စတင် တင်ဆက်ပေးလိုက်ပါပြီ။ 

ဖုခုမိုတို နော်ဘုယုခိဟာ သူ့ရဲ့ ပင်ကိုရေးဖြစ်တဲ့ တီထွင်ဆန်းသစ်မှုအပြည့်နဲ့ တည်ဆောက်ထားတဲ့ စိတ်ဝင်စားဖွယ်၊ စိတ်လှုပ်ရှားဖွယ် အလောင်းအစားဇာတ်အိမ်နဲ့ တမူထူးခြားနေတဲ့ ဇာတ်ကောင်ဖန်တီးမှုတွေကြောင့် ဂျပန်ကာတွန်းလောကမှာ နာမည်ကြီးတဲ့ ကာတွန်းစာရေးဆရာအဖြစ် ထင်ရှားသူဆိုလည်း မမှားပါဘူး။ 

အခုတင်ဆက်လိုက်တဲ့ “ကစားပွဲဟောကိန်း” ကာတွန်းဟာဆိုရင် စာရေးသူအတွက် Kodansha Manga Award ဆုကို ရယူပေးနိုင်ခဲ့တဲ့ ကာတွန်းဇာတ်လမ်းပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ လောင်းကစားလောကကို အခြေပြုပြီး ထူးခြားတဲ့ ဇာတ်ကောင်စရိုက်တွေနဲ့ ပုံဖော်ထားတာကို မြင်တွေ့ရမှာပါ။ 

[ အလုပ်ရှာဖို့ တိုကျိုမြို့ကြီးပေါ်တက်လာတဲ့ လူငယ်ကောင်လေး အိတိုးခိုင်းဂျိ။
ရက်များစွာကြာ အလုပ်ရှာခဲ့ပေမဲ့ သူ့အတွက် သင့်တော်တဲ့အလုပ် မရခဲ့ရှာဘူး။
အလွန်အလုပ်လိုချင်တဲ့သူဟာ အလုပ်ရှာမရတဲ့အဆုံး လောင်းကစား၊ အပျော်အပါးတွေနဲ့ပဲ အချိန်ဖြုန်းရင်း ဘဝကိုဖြတ်သန်းနေခဲ့တယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ မျှော်လင့်ခြင်းသင်္ဘောလို့ခေါ်တဲ့ လောင်းကစားခရီးစဉ်တစ်ခုမှာ လိုက်ပါဖို့အကြောင်းဖန်လာတဲ့အခါ …

လူတွေရဲ့ သောကမောဟတွေကို တစိမ့်စိမ့် အရသာခံရတာကို ကျေနပ်တဲ့ ရေပေါ်ဆီလူတန်းစား လောင်းကစားပွဲရှင်တွေနဲ့ ခိုင်းဂျိတို့ကြားက တိုက်ပွဲ။
ပွဲရှင်တွေရဲ့ မလှိမ့်တပတ် ကောက်ကျစ်မှုတွေ၊ ဘဝတူ လောင်းကစားသမားချင်း နောက်ကျောဓားထိုးမှုတွေကို ခိုင်းဂျိတစ်ယောက် ဘယ်လို ဖြတ်သန်းရင်ဆိုင်သွားမလဲ … အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်နိုင်မှာလား … လောင်းကစားလောကရဲ့ အဆုံးမရှိ ဝဲဂယက်ထဲမှာပဲ နစ်မြုပ်သွားမလားဆိုတာဆိုတာကို ဂျပန်ကာတွန်းဆရာရဲ့ သရုပ်ဖော်လက်ရာနဲ့အတူ ဖန်တီးထားတဲ့ ဇာတ်အိမ်က ဝန်ဇင်းစာချစ်သူတို့ရဲ့ စိတ်ပါဝင်စားမှုကို ဆွဲဆောင်ထားပါလိမ့်မယ်။ ]
ဖုခုမိုတို နော်ဘုယုခိရဲ့ “ကစားပွဲဟောကိန်း” ဆိုတဲ့ မြန်မာဘာသာပြန် ဂျပန်အခန်းဆက်ကာတွန်း အပိုင်း ( ၂ ) ကို နောက်တစ်ပတ် ဗုဒ္ဓဟူးနေ့ ( ၂၃-၅-၁၈ ) ည (၁၀) နာရီအချိန်မှာ ဆက်လက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ၏

ဒီနေ့မိတ်ဆက်လိုက်တဲ့ “ကစားပွဲဟောကိန်း” လို စိတ်ဝင်စားဖွယ် မြန်မာဘာသာပြန် ဂျပန် အခန်းဆက်ကာတွန်းများကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ည (၁၀) နာရီအချိန်တိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျ။ 

………….
“သင့်အနေနဲ့ နာမည်ကြီး ဂျပန်ကာတွန်းရုပ်ပြဇာတ်လမ်းတွေကို နှစ်သက်သဘောကျတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့နော်” 
“ဒီကာတွန်းလေးအပေါ် ဖတ်ရှုပြီးသွားတဲ့အခါ စာချစ်သူရဲ့ အမြင်ကိုလည်း Comment Box မှာ ရေးသားမျှဝေသွားဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျ”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် … 

Related Posts