“သင်အံ့သြသွားရမယ့် ခရီးထွက်ခြင်းရဲ့ အကျိုးရလဒ်တွေ” [Travel Article]


“သင်အံ့သြသွားရမယ့် ခရီးထွက်ခြင်းရဲ့ အကျိုးရလဒ်တွေ”

ဝန်ဇင်းစာချစ်သူများ မင်္ဂလာပါခင်ဗျာ …..
ဝန်ဇင်းစာချစ်သူတွေထဲက ခရီးသွားချစ်ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာလေး လာပါပြီခင်ဗျ။ ပြည်တွင်းပဲဖြစ်ဖြစ် ပြည်ပကိုပဲဖြစ်ဖြစ် ခရီးထွက်လေ့ရှိသူတွေ၊ ခုမှခရီးစထွက်မယ့် သူတွေအတွက် ခရီးထွက်ခြင်းကြောင့် ရလာမယ့် အကျိုးရလဒ်တွေကို ဒီနေ့ရဲ့ Travel Article ကဏ္ဍကနေ တင်ဆက်သွားမှာပဲ ဖြစ်ပါတယ်။ 

ကဲ …. ခရီးထွက်ခြင်းကြောင့် ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်သလဲ ကြည့်ရအောင် !

၁။ ခရီးထွက်ခြင်းဟာ သင့်ဘဝအတွက် ရည်မှန်းချက်သစ်တစ်ခုကို ရှာတွေ့စေနိုင်ပါသတဲ့။ ဘာလို့လဲဆိုတော့ ခရီးထွက်တဲ့အခါ မိတ်သစ်ဆွေသစ်တွေ၊ ယဉ်ကျေးမှုမတူညီတဲ့ နေရာဒေသနဲ့ အဲ့ဒီဒေသက လူတွေရဲ့ ဘဝနေထိုင်မှုပုံစံတွေကို အသစ်အဆန်းအဖြစ် စိတ်ဝင်စားဖွယ် မြင်တွေ့ရတဲ့အခါ သင့်ကိုယ်သင် သူတို့နဲ့ နှိုင်းယှဉ်လေ့လာနိုင်ပြီး၊ ဘယ်ကိုမှ ခရီးမထွက်ဘဲ နေခြင်းထက် သင့်ကို အမြင်သစ် ဗဟုသုတသစ်တွေ ထွက်ပေါ်လာနိုင်စေလို့ပါပဲတဲ့။

၂။ ခရီးထွက်ခြင်းဟာ သင့်မွေးရပ်မြေ၊ သင့်အိမ်ကို ပိုပြီး ချစ်မြတ်နိုးလာစေနိုင်ပါသတဲ့။ ခရီးထွက်ခြင်းဟာ ကိုယ့်မြေကိုယ့်ရေကို ဂုဏ်ယူတဲ့စိတ်တွေ ပိုမို ဖြစ်ထွန်းလာနိုင်စေပါတယ်။ အိမ်ကနေခွဲခွာပြီး ရေမြေမတူညီတဲ့ နေရာဒေသတွေကို သွားရောက်တဲ့အခါ ဖြစ်ပေါ်လာတတ်တဲ့ အိမ်လွမ်းစိတ်၊ မိသားစု၊ ညီအကိုမောင်နှမတွေကို လွမ်းစိတ်က သင့်အိမ်ကို အရင်ကထက် ပိုပြီး မြတ်နိုးတွယ်တာလာစေတတ်ပါတယ်တဲ့။

၃။ ခရီးထွက်ခြင်းဟာ ကမ္ဘာကြီးအကြောင်း သင်နည်းနည်းပဲသိသေးပါလား ဆိုတာကို ပိုပြီး သဘောပေါက်လာစေနိုင်ပါသတဲ့။ ကိုယ့်ကိုယ်ကို ငါသိငါတတ်ကြီးပါလားဆိုတဲ့ အရာရာအပေါ် အတ္တနဲ့ ရြှု့မင်စိတ်ကို လျှော့ချပေးနိုင်ပြီး သင်ယူလေ့လာဖို့ များစွာရှိသေးတာကို နားလည် သဘောပေါက်စေလာနိုင်ပါတယ်။

၎။ ခရီးထွက်ခြင်းဟာ သင့်အတွက် လူစိမ်းတွေကို မိတ်ဖွဲ့နိုင်တဲ့စွမ်းရည် ပိုမိုတိုးမြင့်လာစေနိုင်ပါသတဲ့။ ခရီးထွက်တဲ့အခါ မတူညီတဲ့ လူမျိုးစုံ၊ ဘာသာစကား ကွဲပြားခြားနားပြီး ယဉ်ကျေးမှု မတူညီတဲ့ လူတွေနဲ့ ပြောဆိုဆက်ဆံမှုတွေဟာ သင့်ကို လူတွေကို ဘယ်နည်းဘယ်ပုံ ချဉ်းကပ် မိတ်ဖွဲ့ရမယ်၊ မိတ်ဆွေဖြစ်ပြီးသူတွေနဲ့လည်း ခင်မင်ရင်းနှီးမှု ကြာရှည်အောင် ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ ပိုပြီး နားလည်စေလာနိုင်ပါတယ်။
၅။ ခရီးထွက်ခြင်းက သင့်ရဲ့ဘဝကို သင်ပိုပြီး တန်ဖိုးထားတတ်လာစေပါတယ်။ ကမ္ဘာကြီးရဲ့ နေရာဒေသမျိုးစုံကို သွားရောက်ပြီး လူတွေရဲ့ ဘဝမျိုးစုံနဲ့ ထိတွေ့ သိရှိလာတဲ့အခါ သင့်ရဲ့ ဘဝကို ပြန်ကြည့်မိတတ်ပြီး ဘဝကို ကျေနပ်စွာ အသက်ရှင်နေထိုင်လာတတ်စေပါတယ်တဲ့။

www.lifehack.org

“ဒီပို့စ်ကို နှစ်သက်သဘောကျတယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်”
ဝန်ဇင်းပရိသတ်ကြီးကို ချစ်ခင်စွာဖြင့် ……. 

Related Posts