ဘိုင်ပင်ရေတံခွန် [Travel Article]


ဘိုင်ပင်ရေတံခွန်မှာ Camping လုပ်ကြမယ် ..

ဘိုင်ပင်ရေတံခွန်က ပုသိမ်ကြီးမြို့နယ် မင်ကန်အုပ်စု ဘိုင်ပင်ဂူကျေးရွာ အနီးမှာရှိတာပါ .. ဘိုင်ပင်ရွာ ဘုန်းကြီးကျောင်းထဲမှာ ဘိုင်ပင်သဘာဝလိုဏ်ဂူ လဲရှိပါတယ် .. မန္တလေးမှ ဘိုင်ပင်ရေတံခွန်ကို နေ့ချင်းပြန် သွားလို့ရပေမဲ့ လမ်းကြမ်းပီး တောင်တက် တောင်ဆင်းကလဲ ကြမ်းတာမို့ ခရီးအရမ်း ပင်ပန်းမှာစိုးလို့ရယ် Campingလဲ လုပ်ချင်တာရယ်မို့ ရေတံခွန်ကြီးဘေးမှာပဲ ညအိပ်ခဲ့ကြပါတယ် ... ရေကျသံ တဝေါဝေါနဲ့ ကြယ်တွေလတွေ ကြည့်ရင်း ညအိပ်ရတဲ့ Feelရယ် .. မနက်နိုးတော့ Tent ကိုဖွင့်လိုက်တာနဲ့ ရေတံခွန်ကြီးကို တန်းမြင်ရတဲ့ Feel က သဘာဝကို ချစ်တတ်သူ အတွက်တော့ လောကနိဗ္ဗာန်ပါပဲ .. မွန်းကြပ်မှု့ တွေအဝေး ဆက်သွယ်မှု့ဧရိယာ ပြင်ပကို တစ်ညလောက် ပြေးထွက်ကြည့်ချင်တယ်ဆိုရင် ......

မန္တလေး-မတ္တရာလမ်းကတဆင့် အေးရိပ်ငြိမ် သုသာန်လမ်းခွဲအတိုင်း ကြာနီကန်ရွာ >အိမ်ရှေ့မင်းထန်းတော လမ်းခွဲကတဆင့်>မင်းကန်ရွာ >ဘုတ်ရွာတို့ကိုကျော်ကာ ဘိုင်ပင်ကျေးရွာ သို့ရောက်ပါမယ် ..လမ်းကြမ်းပီး ဖုန်အရမ်းထူတယ်..မိုးရာသီဆိုရွှံ့ ဗွက်များလို့ အမြင့်ကားတွေပဲ အဆင်ပြေမာပါ .ဆိုင်ကယ်ဆို ပိုပီးအဆင်ပြေမယ် .. ဘိုင်ပင်ရောက်ရင် တောင်တက်လမ်းဘေးက အိမ်ဆိုင်လေးမှာ ဆိုင်ကယ်ဝင်ထားလို့ ရပါတယ် ..အဲဆိုင်မှာပဲ ထမင်းစားလို့ ရပါသေးတယ်..ရေတံခွန်ကိုရောက်ဖို့ ပေ2200ခန့် တောင်တက်ပီး ပေ 1600ခန့် လျှိုထဲပြန်ဆင်းရမှာပါ .. ဒေသခံတွေ ဝါးခုတ်သွားတဲ လမ်းတွေလည်းရှိလို့ လမ်းမှားတတ်လို့ ဒေသခံတစ်ယောက်ကို လမ်းပြငှားသင့်ပါတယ် .. 

*တောင်တက် တောင်ဆင်းလမ်းကြမ်းလို့ တောင်တက်ဖိနပ် (သို့) စစ်ဖိနပ်နဲ့ မှသာ အဆင်ပြေမာပါ ..(စစ်ဖိနပ်ကို 30*70-71 ကြားက အားကစားပစ္စည်းဆိုင်မာ 4000,6500 ပဲရှိပါတယ် )

*ရေတံခွန်မှာ tent ထားဖို့ နေရာကျဉ်းပါတယ် .အောက်ဆင့်မှာ နေရာနဲနဲပြန့်ပီး အပေါ်ဆင့်မှာတော့ tent ၂လုံးထပ်ပိုပီး ထားလို့မရပါဘူး .

*နတ်စင်တွေလဲရှိလို့ ရိုးရာဓလေ့ကို  အလေးထားသော အားဖြင့် တောင်ပေါ်မှာ အရက်ဘီယာ မယူသွားပါနဲ့ ..

*ခေါက်ဆွဲထုပ် .မာလာဟင်း .ဝက်အူချောင်း စတဲ့ အသင့်စားသုံးလို့ရမဲ့ အစားစာတွေ ညစာကော မနက်စာပါ ယူသွားဖို့ မမေ့ပါနဲ့နော် ..

*Camping မယ်ဆိုရင် ထင်းနဲ့မီးမမွှေးပါနဲ့ Gas မီးဖိုအသုံးပြုပီး သစ်တောပြုန်းတီးမှု့ ကိုထိန်းသိမ်းပေးပါ။

***** အမှိုက်လုံးဝ လုံးဝမပစ်ပါနဲ့ ..ကိုယ့်အမှိုက် ကိုယ်ပြန်သယ်ခဲ့ပါ (သို့) အမှိုက်မီးရှို့ဖို့ မီးခြစ်ဆောင်သွားပါ ..ကျတော်တို့လဲ အမှိုက်တွေကောက်ပီး မီးရှို့ခဲ့ပါတယ် ..

***** ရေတံခွန်ရဲ့ ကျောက်ဆောင်တွေမှာ correction pen (or) မြေဖြူရေစွတ်ပီးး ဘာစာမှမရေးပါနဲ့ အရင်လာသွားတဲ့ အဖွဲတွေက ကျောက်ဆောင်မှာ တရုတ်စာတွေရေးပီး အရုပ်ဆိုး အကြည်းတန်အောင် လုပ်သွားကြပါတယ်..သဘာဝ အလှအပတွေကို ဖျက်ဆီးပီးမှ အမှတ်တရ မလုပ်စေလိုပါဘူးး..ဓါတ်ပုံလေးရိုက်ပီး အမှတ်တရအဖြစ် ယူလာခဲ့ပါလို့ တိုက်တွန်းချင်ပါတယ် ..

Related Posts