“သင့်စိတ်ကို ကြည်နူးစေမယ့် ဘာလီကျွန်းအလှ” [ Travel Article ]


“သင့်စိတ်ကို ကြည်နူးစေမယ့် ဘာလီကျွန်းအလှ” 
မင်္ဂလာပါ ဝန်ဇင်းခရီးသွားချစ်သူများရှင့် …

အင်ဒိုနီးရှားနိုင်ငံရဲ့ ဂုဏ်ဆောင် ဘာလီကျွန်းက ကမ္ဘာ့ခရီးသွား ဧည့်သည်တွေ နှစ်သက်သဘောကျကြတဲ့ ခရီးစဉ်ဒေသတစ်ခုပဲ ဖြစ်ပါတယ်။ ခရီးသွားဧည့်သည်တွေအတွက် ဆိုရင်တော့ အင်မတန်ကြီးမားတဲ့ လည်စရာ လေ့လာစရာ အပြည့်နဲ့ ခရီးစဉ်ဒေသကြီးတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဲဖွေးဖွေး ကမ်းခြေတွေ၊ သာယာတဲ့ လှေကားထစ် စပါးခင်း၊ ဒေသခံ ဘုရားဖူးတွေနဲ့ လူသွားလူလာ ပြတ်လေ့မရှိတဲ့ ဘုရားကျောင်းက ပွဲတော်၊ ဘာလီ ရိုးရာတေးသံနဲ့ အကအလှတွေကတော့ မေ့မရနိုင်တဲ့ အမှတ်တရတွေအဖြစ် မြင်တွေ့ခံစားမိမှာ အသေအချာပါပဲ။ 

ဘာလီဟာ အင်ဒိုနီးရှား တစ်နိုင်ငံလုံးမှာ ဧည့်သည်နဲ့ အဆင်ပြေဆုံးနေရာ ဖြစ်ပါတယ်။ ဘာလီရိုးရာ အနှိပ်ခံနည်းနဲ့ ဇိမ်ခံလို့ရတယ်နော်။ Shopping ထွက်မယ်ဆိုရင်လည်း Discovery Shopping Mall နဲ့ မာတာဟာရီ ( Mata Hari ) မှာလည်း ဈေးဝယ်နိုင်သေးတယ်နော်။ အိမ်ပြန်လို့ အဝယ်များပြီး အထုပ်အပိုးကြီး ဖြစ်နေမှာတော့ အသေအချာပါပဲ။

အစားအသောက်တစ်လိုင်း ကိုကို၊ မမ တွေအတွက်လည်း မပူပါနဲ့နော်။ လမ်းဘေး ဈေးဆိုင်တွေမှာ စားမလား။ ဟိုတယ်ကြီးတွေအထိပါ တက်စားနိုင်သေးတယ်နော်။ အကြိုက်ဆုံးအစားဆိုရင် ဘာလီစတိုင် ပင်လယ်စာ အကင်လေးရယ်၊ ဘင်တန်ဘီယာလေးရယ်တော့ အကြိုက်ဆုံးပဲ။ 

ကဲ … ဒီတော့ အောက်မှာဖော်ပြထားတဲ့ ဘာလီကျွန်းရဲ့ အလှပုံရိပ်တွေကို ဖော်ပြပေးထားပါတယ်နော်။ လေ့လာကြည့်ရှုလိုက်ရအောင်လားရှင့် … ။ 
………….
ဝန်ဇင်းသတင်းစကား ။       ။ ခရီးသွားခြင်းနဲ့ သက်ဆိုင်သည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို အပတ်စဉ် ကြာသပတေးနေ့၊ ညနေ ( ၃ ) နာရီအချိန်တိုင်း ဝန်ဇင်း၏ ‘အခမဲ့ဖတ်စရာကဏ္ဍ’ မှ တင်ဆက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။  
…………
“ဒီအပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခရီးသွားခြင်းနဲ့ ပတ်သက်ပြီး ပြောချင်တာတွေကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့ကြဖို့ မမေ့နဲ့နော်”
 
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts