မူရာကာမိ [ Special Issue ]


[ ကမ္ဘာကျော် ခေတ်ပြိုင်စာရေးဆရာ ဟရုကီ မူရာကာမိ၏ စာအုပ်များကို ဝန်ဇင်းတွင် ဖတ်ရှုနိုင်ပါပြီ ] 

မင်္ဂလာပါ ဝန်ဇင်းစာချစ်သူများရှင့် …

မူရာကာမိလို့ ဆိုလိုက်ရင် ဝန်ဇင်း စာဖတ်ပရိသတ်ကြီးအနေနဲ့ သူ့စာအုပ်တွေ မဖတ်ဖူးရင်တောင် နာမည်တော့ ကြားဖူးလိမ့်မယ် ထင်ပါတယ်နော်။ တကယ်တော့ မူရာကာမိဟာ လက်ရှိ ကမ္ဘာ့စာပေလောကရဲ့ အာရုံစိုက်ခြင်းကို ခံနေရတဲ့ ခေတ်ပြိုင် ဂျပန်စာရေးဆရာတစ်ဦး …… ။ 

သူ့ရဲ့ ဆန်းသစ်တဲ့ အတွေးအမြင် ၊ ကြွယ်ဝတဲ့ စကားလုံး အသုံးအနှုန်း နဲ့ ဝတ္ထုထဲမှာ ထည့်သွင်းထားတဲ့ လှည့်ကွက်တွေကို စာဖတ်သူတစ်ယောက်အနေနဲ့ သဘောမကျဘဲ နေနိုင်မှာ မဟုတ်ပါဘူး။ မူရာကာမိ ရေးသားဖန်တီးလိုက်တဲ့ ဇာတ်ကောင်တွေဟာ သာမန်လူတွေပါပဲ။ ဒါပေမဲ့ သာမန်လူ မဟုတ်ပြန်ဘူးရှင့်။

ဘာလို့လဲဆိုတော့ သူ့ရဲ့ ဇာတ်ကောင်တွေရဲ့ စရိုက် သဘာဝကို ဖော်ပြရာမှာ၊ အများမြင်သလို သာမန်လူတွေရဲ့ စရိုက်သဘာဝအတိုင်း မဟုတ်ဘဲ၊ လူတစ်ယောက်ရဲ့ ဟိုး … အတွင်းထဲက ဗီဇပုံရိပ်၊ ဘာသာရေး ယဉ်ကျေးမှုတွေရဲ့ ဖုံးကွယ်ထားခြင်း မရှိတဲ့ လူတစ်ယောက်ရဲ့ ပကတိသဘာဝ စိတ်ဓာတ်၊ စတာတွေကို အခြားအခြားသော ဇာတ်ကောင်တွေနဲ့ မတူဘဲ ပြောင်မြောက်စွာ ရေးဖွဲ့တင်ပြနိုင်လို့ပဲ ဖြစ်တာပါ။ သူက ဒီလိုပြောဖူးတယ်။

“ဝတ္ထုစာရေးဆရာတစ်ယောက်ရဲ့ အလုပ်က ဘာလဲလို့ဆိုရင် လူသားတစ်ဦးချင်းရဲ့ ထူးကဲပြီး အခြားသူနဲ့ မတူတဲ့ အရည်အသွေးတွေကို ဇာတ်လမ်းတွေဖွဲ့ပြီး ရေးသားတင်ပြဖို့ပဲ ဖြစ်တယ်” တဲ့။ သူပြောတဲ့ အတိုင်းပဲ … ဝန်ဇင်းပရိသတ်ကြီး ဖတ်ကြည့်လိုက်ပါ။ သူ့ရဲ့ ဇာတ်ကောင်တွေဟာ လူထဲကလူပေမဲ့ တစ်မူထူးခြားနေတယ်။ ရိုးရိုးလေးနဲ့ ဆွဲဆောင်မှု ရှိနေတယ် ဆိုတာကို စာချစ်သူတို့လည်း တွေ့ရပါလိမ့်မယ်။

-	ဝတ္ထုထဲက အကွေ့အဝိုက်လေးတွေ …
-	ရှေ့ဆက် ဘာဖြစ်မလဲဆိုတာ ခန့်မှန်းရခက်တဲ့ ဇာတ်လမ်း …
-	ပြီးတော့
-	ဇာတ်ကောင်တွေရဲ့ ဒိုင်ယာလော့ဂ်တွေက
 
စာအုပ်ကို လက်ကမချချင်အောင်ပဲ စာဖတ်သူကို ဝတ္ထုဆုံးတဲ့အထိ ဆွဲခေါ်သွားပါလိမ့်မယ်။ တကယ်တော့ ဘာသာပြန်စာပေဆိုတာ လူမျိုးနှစ်မျိုးရဲ့ ယဉ်ကျေးမှုကို ပေါင်းကူးဖလှယ်လိုက်တာပဲ မဟုတ်လား။ ဒီတော့ရှင် … မူရာကာမိရဲ့ စာအုပ်တွေကနေ စာချစ်သူတို့အနေနဲ့၊ မိမိတို့ရဲ့ အမြင်နဲ့ မတူညီတဲ့ ရှုထောင့် ၊ ရသခံစားမှု ၊ အတွေးအခေါ် ၊ ခေတ်စနစ်ရဲ့ ယဉ်ကျေးမှုသရုပ် စတာတွေကို ဘယ်လိုပုံစုံမျိုးနဲ့ ဖတ်ရှုမြင်တွေ့ရမလဲဆိုတာ သိရအောင် အခု ဖော်ပြမယ့် စာအုပ်တွေကို ခုပဲ ဝန်ဇင်းမှာ ဝယ်ယူ ဖတ်ရှုလိုက်ရအောင်နော်။

၁။ မိုးသက်ဟန် - နော်ဝေဂျီယန်ဝုဒ်
Norwegian Wood by Haruki Murakami 
ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း >>> မြန်မာငွေ  ၁,၀၀၀ ကျပ်

၂။ သင့်လူ - တေးဆိုငှက်ဒဏ္ဍာရီ 
The Wind-Up Bird Chronicle by Haruki Murakami
ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း >>> မြန်မာငွေ  ၈၀၀ ကျပ်

၃။ ဒီနိုဗို - ဆင်တစ်ကောင်လုံး ပျောက်ဆုံးခြင်း 
The Elephant Vanishes by Haruki Murakami
ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း >>> မြန်မာငွေ  ၆,၀၀ ကျပ်

၎။ နိုင်းနိုင်းစနေ - မူရာကာမိ ရေဒီယို
Murakami Radio by Haruki Murakami
ဝန်ဇင်းတွင် ဝယ်ယူဖတ်ရှုနိုင်မည့် ဈေးနှုန်း >>> မြန်မာငွေ  ၁,၀၀၀ ကျပ် 

စာအုပ်များဝယ်ယူရန် ။       ။ Wun Zinn App ရဲ့ မူလစာမျက်နှာ ဘယ်ဘက်ခြမ်းရှိ “စာအုပ်များ” ( ဒါမှမဟုတ် ) “စာအုပ်ရှာရန်” သို့ဝင်ရောက်ပြီး နှစ်သက်ရာ စာအုပ်များကို ရွေးချယ်ကာ ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူဖတ်ရှုနိုင်ပါတယ်။ 
…………
အခက်အခဲ တစ်စုံတစ်ရာရှိပါက သိလိုသည်များကို Hot Line - 09252545753 မှာ မေးမြန်းစုံစမ်းနိုင်ပါတယ်နော်။
…………	
“ဝန်ဇင်းချစ်ပရိသတ်ကြီးအနေနဲ့ ခုမိတ်ဆက်လိုက်တဲ့ စာအုပ်ကိုဖတ်ရှုဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီပို့စ်လေးကို Like နဲ့ Share ပေးပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့ပါနဲ့ဦး” “ခုလို စာအုပ်မိတ်ဆက်ပို့စ်နဲ့ ပတ်သက်ပြီးပဲဖြစ်ဖြစ်၊ စာအုပ်နဲ့ဆက်စပ်လို့ပဲဖြစ်ဖြစ် ဝန်ဇင်းချစ်ပရိသတ်ကြီးရဲ့ အမြင်တွေကိုလည်း ပို့စ်ရဲ့ Comment Box မှာ ဝင်ရောက်ရေးသားရင်း စာဖတ်သူအချင်းချင်း အမြင်ချင်း ဖလှယ်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင့်”
……	
စာချစ်သူများကို အမြဲတမ်းချစ်ခင်နေမယ့် ဝန်ဇင်း
-	ဘဝမှာ အောင်မြင်သူတိုင်း စာဖတ်ကြသည်။ သင်လည်း အောင်မြင်လိုပါက ဝန်ဇင်းမှာ စာဖတ်ပါ -

#haruki_murakami 
#lm



Related Posts