“မကွေးတိုင်းတစ်ခွင် လည်ပတ်စဉ်” [ Travel Article ]


“မကွေးတိုင်းတစ်ခွင် လည်ပတ်စဉ်”  

မြန်မာပြည် အလယ်ပိုင်းဖြစ်တဲ့ မကွေးတိုင်းတစ်ခွင်ကို စာချစ်သူတို့ လည်ပတ်ဖူးကြလား? သွားရောက်လည်ပတ်ကြည့်ကြပါလို့ အက်ဒမင်ကတော့ အကြံပေးချင်ပါတယ် … သဘာဝလေကောင်းလေသန့်တွေကို ခံစားရှူရှိုက်ရင်း ဒေသန္တရဗဟုသုတတွေကိုပါ လေ့လာလို့ရမှာအသေအချာပါပဲရှင်။

သွားလာမှု လမ်းကြောင်းအရ ပထမဦးဆုံး ပုပ္ပါးကို စတင်ဝင်ပါ။ ပထမဦးဆုံးနေရာမှာတင် ကိုယ့်ရဲ့ စိတ်ကို ပေါ့ပါးသွားစေမယ့် သဘာဝ သစ်တောကြီးက ဆီးကြိုနေမှာဖြစ်ပါတယ်။ ဒါ့အပြင် မိတ်ဆွေကောင်းကိုသိချင်ရင် တောင်တက် ခရီးထွက်ပါဆိုတဲ့အတိုင်းပါပဲ။ ပုပ္ပါးတောင်ကလပ်ပေါ်ကို ပါလာတဲ့ မိတ်ဆွေ သူငယ်ချင်းနဲ့အတူ တောင်ပေါ်တက်ဘုရားဖူးနိုင်မှာဖြစ်ပါတယ်။

ပုပ္ပါးမှဆက်၍ ထပ်မံပြီး ခရီးထွက်မယ်ဆိုရင် မြန်မာပြည်ရဲ့ အထင်ကရမြို့ဖြစ်တဲ့ ပုဂံ / ညောင်ဦး ပဲဖြစ်ပါတယ်။ ဒီမှာဆိုရင် မြို့ကို ဝင်ဝင်ချင်းမှာ ရှေးဟောင်းမြို့ဆိုတဲ့အတိုင်းပဲ ရှေးဟောင်း ဗုဒ္ဓရုပ်ပွါးတော်တွေကို မြင်တွေ့လိုက်ရတဲ့အခါ ကိုယ့်ရဲ့ စိတ်ထဲမှာ ရှေးခေတ်ကို ရောက်သွားသည့်အလား ခံစားရမယ့် စိတ်နဲ့ ကြည်နူးစိတ်ချမ်းသာစေမယ့် စိတ်ကို ချက်ချင်းဆိုသလို ခံစားမိမှာ အမှန်ပါပဲ။ တစ်မြို့တည်းမှာပဲ ရှေးဟောင်းဘုရားတွေကို ဖူးမြော်နိုင်မှာမို့ တန်ဖိုးရှိလှတဲ့ အချိန်နဲ့ ကုသိုလ်ကောင်းမှုတွေကို တစ်စုတည်းရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် အချိန်ရလို့ ထပ်မံလည်ချင်သေးတယ်ဆိုရင်လည်း (ပိုင် - ထန်းတော) ကို သွားပြီးတော့လည်း ထန်းရည်အကြောင်း နဲ့ ထန်းလျက်အကြောင်း သောက်ရင်း စားရင်း လေ့လာနိုင်ပါသေးတယ်။ ဒီတော့ ထပ်ပြီး ခရီးဆက်ကြမယ်နော် ….

တန့်ကြည့်တောင် စွယ်တော်ရှင်စေတီ ဆီကို ဘုရားဖူးသွားရင်း ဘုရားသမိုင်းကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။ အခုတော့ အက်ဒမင် သိသလောက် အကျဉ်းပဲပြောမယ်နော်။ သမိုင်းကြောင်းကတော့ အနော်ရထာမင်းက ရွှေစည်းခုံဘုရားတည်ပြီး ဒုတိယမြောက်တည်ခဲ့တဲ့ ဘုရားလို့သိရပါတယ်။ စွယ်တော်ပွားတစ်ဆူနှင့် ဆင်ဖြူတော်ကို အဓိဋ္ဌာန်နဲ့ လွှတ်လိုက်တဲ့အခါ တန့်ကြည့်တောင်ပေါ်မှာ ဆင်ဝပ်ခဲ့ပြီး တည်ထားကြောင်းကိုလည်း အစဉ်အဆက် မှတ်သားခဲ့ကြပါတယ်။ မြတ်စွာဘုရာားက ညီတော် အာနန္ဒာကို ခေါ်တော်မူပြီး တန့်ကြည့်တောင်ထိပ်ဆီကို ကြွရောက်ပြီး ဧရာဝတီတစ်ဖက်ကမ်းမှ ရေကန်နဲ့ ပေါက်ပင်ဆီကို ညွှန်ပြပြီး ဗျာဒိတ်ပေးခဲ့ပါတယ်။ ဘုရားရပ်တန့်၍ ကြည့်သည့်တောင်ဖြစ်တာကြောင့် “တန့်ကြည့်တောင်” လို့ နာမည်တွင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကတော့ သိသလောက်လေး ဝေမျှထားတာပါ သွားရောက်ပြီး လေ့လာမယ်ဆိုရင်တော့ ပိုပြီး ပြည့်ပြည့်စုံစုံနဲ့ ကုသိုလ်ကောင်းမှုကိုပါ ပြုလုပ်နိုင်ခဲ့မှာဖြစ်ပါတယ်။

ထပ်ပြီး ဆက်သွားမယ်ဆိုရင်တော့ အချိန် နေ့ဝက်မျှသာအချိန်ပေးရုံနဲ့ ရမယ့် ဆိပ်ဖြူမြို့ပဲဖြစ်ပါတယ်။ ဒီ ဆိပ်ဖြူမြို့မှာတော့ ဒေသစိုက်ပျိုးခင်းတွေကို တွေ့မြင်ရမည့်အပြင် စိုက်ပျိုးရေးအကြောင်းနဲ့ လယ်ယာအကြောင်းကိုပါ လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒီမှာဆိုရင်တော့ နောက်တစ်ခုက ယောချောင်းအကြောင်းကို ပြောပြချင်ပါတယ်။ ဒီယောချောင်းမှာဆိုရင် သင်္ကြန်တွင်းဆိုရင် အနယ်အနယ်အရပ်ရပ်ကနေလာရောက်ပြီး ရေကစားကြပါတယ်။ အခါတိုင်းရပ်တွေဆိုရင် လာရောက်တဲ့သူအများစုက ညနေစောင်းအချိန်တွေမှာ ကမ်းခြေပုံစံမျိုးနဲ့ သူငယ်ချင်း / မိသားစု တစ်စုတစ်စည်းတည်း အပန်းဖြေကြပါတယ်။ “ဆိပ်ဖြူချောင်းသာ” ဆိုပြီးတော့တောင် တင်စားပြောဆိုကြပါတယ်။ ခရီးဆက်ကြမယ်နော်…

ဆိပ်ဖြူကနေ ချောက်မြို့ဆီကို သွားကြမယ်ဆိုရင် အရင်ဆုံး အနော်ရထာတံတားကို ဖြတ်သန်းရပါတယ်။ ဒီမြို့ကိုလည်း အချိန်မရဘူးဆိုရင်တော့ နေ့ဝက်အချိန်ပေးရင်လည်းရပါတယ်။ ချောက်မြို့ရဲ့ ရေနံတွင်းထွက်ရှိရာ နေရာတွေကို သွားရောက်လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်ဒေသထွက်မုန့်ပဲသရေစာတွေကိုလည်း လှည့်လည်စားသောက်နိုင်မှာ ဖြစ်ပါတယ်။

မကွေးမြို့ကို ခရီးနှင်ကြရအောင်နော်… ခရီးနှင်မယ်ဆိုရင်တော့ မကွေးမြို့ရဲ့ အထင်ရှားဆုံး ဘုရားဖြစ်တဲ့ မြသလွန်စေတီတော်မြတ်ကြီးပဲဆီကို မဖြစ်မနေ သွားရောက် ဖူးမျှော်ခဲ့ပါလို့ တိုက်တွန်းလိုက်ပါတယ်။ မြသလွန်စေတော်မြတ်ကြီးမှာ သတင်းကျွတ်ချိန်ခါဆို အနယ်နယ်အရပ်ရပ်ကသူတွေ လာရောက်ပြီး ဆီးမီးတွေကို ဘုရားအခြေအထိ အပြည့်ထွန်း ပူဇော်ကြလို့ အရမ်းသပ္ပာယ်ပြီး ဘုရားဖူးပြည်သူတွေရဲ့ စိတ်ကို ကြည်နူးမိစေမှာအမှန်ပါပဲ။ ပြီးရင်တော့ မကွေးမြို့ရဲ့ မြို့တွင်းကို လည်ပတ်ကြည့်ရှုလိုက်ပါတော့။

ကဲ… အခုကတော့ မကွေးတိုင်းတစ်ခွင် လည်ပတ်ခဲ့တဲ့ ခရီးအစဉ်အဆက်လေးပဲဖြစ်ပါတယ်။ သွားဖူးတဲ့သူတွေရှိရင်လည်း Comment မှာ ပြောခဲ့ပေးဦးပါဦးနော် …
	
………….
ဝန်ဇင်းသတင်းစကား ။       ။ ခရီးသွားခြင်းနဲ့ သက်ဆိုင်သည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများကို အပတ်စဉ် ကြာသပတေးနေ့၊ ညနေ ( ၃ ) နာရီအချိန်တိုင်း Wun Zinn Digest ရဲ့ “ခရီးသွားကဏ္ဍ” [ Travel Article ] မှ တင်ဆက်ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ 
…………

“ဒီအပို့စ်လေးကို ဖတ်ရှုပြီးလို့ သဘောကျတယ်ဆိုရင် Like နဲ့ Share လုပ်ပြီး ဝန်ဇင်းကို အားပေးခဲ့ကြဖို့ မမေ့နဲ့နော်” “ခရီးသွားခြင်းနဲ့ ပတ်သက်ပြီး ပြောချင်တာတွေကိုလည်း ပို့စ်ရဲ့ Comment Box ထဲမှာ ရေးသားမျှဝေခဲ့ကြဖို့ မမေ့နဲ့နော်”
 
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။

Related Posts