ချိုမြိန်သောလက်စားချေခြင်း(အပိုင်း ၆) [အသံထွက်ဇာတ်လမ်း]


အသံထွက်ဇာတ်လမ်း 
လွန်းထားထား(ဆေးတက္ကသိုလ်) - ချိုမြိန်သော လက်စားချေခြင်း- အပိုင်း (၆)

ကိုယ်တစ်ချိန်က တန်ဖိုးထား မျှော့်လင့်ခဲ့ရတဲ့ ပန်းလေးတစ်ပွင့် ကြွေလွင့်တော့မယ်ဆိုတာ သိခဲ့ရပြီးတဲ့နောက် အဲ့ဒီပန်းလေး မကြွေလွင့်ခင် အစွမ်းကုန်လှပနိုင်ဖို့အတွက် အတတ်နိုင်ဆုံးပေးဆပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး ချစ်သူ ရဲ့ နားလည်မှုကိုပါ တောင်းခံခဲ့ရတဲ့ မင်းပျိုလွင် .... ဒါပင်မဲ့ သူမျှော်လင့်သလို မဖြစ်လာတဲ့အခါ ....
ကိုယ့်ရဲ့ ဇာတ်ကွက်ထဲ ရောက်လာတဲ့ ချစ်သူကို အမြဲ ပိုင်ဆိုင်နိုင်ဖို့ ကိုယ့်ရဲ့ အတ္တတွေကိုရှေ့တန်းတင်မိတဲ့ အံ့တစ်ယောက် ကံကြမ္မာ က ကိုယ့်ဘက် မရှိတော့တဲ့နောက် ...
ချစ်ရတဲ့ ချစ်သူဆီက မမျှော်လင့်ထားတဲ့ စကားလုံးတွေနဲ့ ဆုံးဖြတ်ချက်ကို ကြားလိုက်ရတဲ့အခါ သူမဘက်ကပဲ ချစ်သူရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ နောက်ဆုတ်ပေးလိုက်တဲ့ ရိုစ် ....
အမုန်းတရားဆိုတာ
အချိန်ကြာကြီး
ကြာပြီးတဲ့နောက်မှာ တောင်
အနိုင်ရစမြဲပဲတဲ့...။
ကဲ ...
ကျွန်မဘက်က
ဘာများ မှားယွင်းခဲ့မိလို့လဲ...။
ဒါပင်မဲ့
ကျွန်မ ဘယ်မှာ
အနိုင်ရခဲ့လို့လဲနော်...။

စိတ်ခွန်အားဖြစ်ဖွယ်ရာ အသံထွက် ဇာတ်လမ်း အပိုင်း-၁ကို
(၂၈.၃.၁၈) ဗုဒ္ဓဟူးနေ့ ၊ ညနေ-၆နာရီတွင် ဆက်လက်ဖော်ပြပေးပါမည်။

စိတ်ခွန်အားဖြစ်ဖွယ်ရာ အသံထွက် ဇာတ်လမ်းကို ဗုဒ္ဓဟူး ၊ကြာသပတေး ညနေ(၆)နာရီ အချိန်တိုင်းတွင် တင်ဆက်ပေးမှာဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ ခင်ဗျာ။ 

Related Posts