15.7.18 to 21.7.18 [Reader's Choice of the Week]


မင်္ဂလာညချမ်းလေးပါ ဝန်ဇင်းပရိသတ်တို့ရေ …
	
Wun Zinn Digest ကနေ ခုတင်ဆက်သွားမယ့် အကြောင်းအရာလေးကတော့ ယခုတစ်ပတ်အတွင်း ကျွန်တော်တို့ ဝန်ဇင်း Digest မှာ နေ့စဉ် တင်ဆက်ထားခဲ့တဲ့ အစီအစဉ်များထဲမှ လူကြိုက်အများဆုံး ပေါ်ပြူလာအဖြစ်ဆုံး ကဏ္ဍများကို ပြန်လည်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ 

ယခုတစ်ပတ်အတွင်းမှာ လူကြည့်အများဆုံး ကဏ္ဍလေးတွေကတော့ …….

အပတ်စဉ် တနင်္လာနေ့ ညနေ ( ၃ ) နာရီအချိန်တိုင်း ဗဟုသုတရဖွယ်ရာ ကဏ္ဍဖြစ်တဲ့ “သင်သိရဲ့လား” ( Did You Know ) အစီအစဉ်မှ တင်ဆက်ခဲ့တဲ့ “သင် တစ်ခါမှမကြားဖူးသေးတဲ့ ကမ္ဘာ့အကြီးမားဆုံး လျှို့ဝှက်ချက်များ” … ။

အဲ့ဒီနေ့ ညနေ ( ၆ ) နာရီခွဲအချိန်တိုင်းမှာ ဝန်ဇင်းရဲ့ ဆေးရောင်စုံ အသံထွက်ရုပ်ပြဇာတ်လမ်းရှည်မှ တင်ဆက်ခဲ့သည့် “တာရာပွကြီးပါဝင်သော ဝေမာနိကချက်တင်”  အပိုင်း ( ၃ ) နှင့် နောက်တစ်ရက် အင်္ဂါနေ့မှာ တင်ဆက်ခဲ့သော အပိုင်း ( ၄ ) … ။ 

အပတ်စဉ် တနင်္လာ၊ အင်္ဂါ ည ( ၉ ) နာရီအချိန်တိုင်း အခန်းဆက်ဝတ္ထုရှည်အဖြစ် ဖော်ပြခဲ့သည့် စာရေးဆရာမ မြပုလဲခင်ရဲ့ “တစိမ့်စိမ့်မိုး” အပိုင်း ( ၃ ) နှင့် အပိုင်း ( ၄ ) … ။ 

ကြာသပတေးနေ့ ည ( ၉ ) နာရီအချိန်မှာ ‘သင့်ရဲ့စိတ်ကို ခြောက်ခြားစေမယ့် အတိုဆုံးဇာတ်လမ်းတစ်ပုဒ်’ ကဏ္ဍမှ တင်ဆက်ခဲ့သော “The Mirror” …  စတဲ့ အစီအစဉ်များပဲ ဖြစ်ပါတယ်ခင်ဗျ။
ဝင်ရောက်ကြည့်ရှုသူများတဲ့ ဒီလိုပေါ်ပြူလာကဏ္ဍတွေကို ဝန်ဇင်းစာချစ်သူထဲက မဖတ်ရသေးသူများ ရှိတယ်ဆိုရင်လည်း ဒီပို့စ်အောက်မှာပါတဲ့ Related post နှင့် Related Video များကို နှိပ်ပြီး ဝင်ရောက်လေ့လာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

နောက်ရက်သတ္တပတ်တွေမှာလည်း ဘယ်ကဏ္ဍလေးက ပရိသတ်စိတ်ဝင်စားမှုအများဆုံးဖြစ်မလဲ ဆိုတာ အပတ်စဉ်တိုင်း ၊ စနေနေ့ည (၁၀) နာရီ မှာ တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦးနော်။

ဝန်ဇင်းစာချစ်သူများ စိတ်အေးချမ်းသာစွာ အိပ်စက်အနားယူရင်း အိပ်မက်လှလှ မက်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ 
………….
"ဒီပို့စ်လေးကို သဘောကျနှစ်သက်တယ်ဆိုရင် Like နဲ့ Share ပေးခဲ့ဖို့ မမေ့နဲ့ဦးနော်"
"အကြံပြုပြောကြားလိုသည်များရှိပါက ပို့စ်ရဲ့ Comment Box မှာ ရေးသားမျှဝေခဲ့ပါဦးလို့ ဖိတ်ခေါ်လိုက်ပါရစေ"
...
ဝန်ဇင်းပရိသတ်ကြီးကို မေတ္တာများစွာဖြင့် ချစ်ခင်လျက်။



Related Posts